How to train your dragon
3D animation ရုပ်ရှင်ကားဖြစ်တဲ့ How To Train Your Dragon ဆိုတဲ့ ကားလေးဟာ.DreamWorks Animation ရဲ့  (၅) ကြိမ် မြောက် အအောင်မြင်ဆုံး ရုပ်ရှင်ကားအဖြစ် ဒေါ်လာ (သန်း 500) နီးပါးရရှိထားကာ. အမေရိကန် ပြည်ထောင်စု နဲ့ ကနေဒါ နိုင်ငံ တွေ မှာစံချိန်တင်ထားတဲ့ကားလေးဖြစ်ပါတယ်..
Viking world လို့ ခေါ်တဲ့ ဒဏ္ဍာရီလာ စိတ်ကူးယဉ် ဆန်ဆန် နေရာလေးမှာ Hiccup လို့ ခေါ်တဲ့ ကောင်လေး ဟာ ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် လေးပေါ့..Viking World မှာ နေထိုင်ကျင်လည်တဲ့လူမျိုးစုလေးဟာ သူတို့ ကို အကြီးအကျယ် ပြသနာလာရှာနေကြတဲ့ နဂါးတွေကို သုတ်သင် နှိမ်နင်း တဲ့ မျိုးနွယ်လူမျိုးစုတွေ.ဖြစ်ပြီး....Hiccup လေးကအဲဒီထဲမှာ ရှင်သန်ပေါက်ဖွားလာသူလေးပေါ့..Hiccup လေးဟာ တခြားသူတွေနဲ့ မတူတာက.နဂါး ဖမ်းဆီးသုတ်သင်တဲ့ အလုပ်ကို စိတ်မ၀င်စားပဲ..သူနေထိုင်ရာ သူ့ လုပ်ငန်းလေးဖြစ်တဲ့ ပန်းပဲဖိုလေးထဲမှာပဲ နေထိုင်လုပ်ကိုင်နေရတာကို နှစ်သက်သူလေးပါ..ဒါပေမယ့် တနေ့ သူ့ လူမျိုးနွယ်စုတွေ ရဲ့ စည်းရုံးပြောကြားချက်တွေကြောင့် နဂါး ဖမ်းဆီးသုတ်သင်ရေးမှာ ပါဝင်လာခဲ့ရတာပေါ့..နောက်တော့ သူက ဒဏ်ရာရနေတဲ့နဂါးလေး တကောင်ကို ဖမ်းမိပြီး..မသတ်ရက်ခဲ့ပဲ.လွတ်ပေးတဲ့အတွက် သူနဲ့ ခင်မင်သွားကြတာပေါ့..နဂါးတွေကို ဖမ်းဆီးသုတ်သင်မယ့် သူ့ ရဲ့ မျိုးနွယ်စုတွေရယ်.. သူမထင်မှတ်ပဲသိနားလည်ခဲ့ရတဲ့ သူတို့ လူမျိုးစုအားလုံးထင်သလိုရက်စက်ကြမ်းကြုတ်ခြင်းမရှိတဲ့ သူခင်တွယ်မိတဲ့ နဂါးမျိုးနွယ်ကြားမှာ သူဘယ်လိုရပ်တည်မလဲဆိုတာ ဆက်လက်ကြည့်ကြရအောင်ဗျာ.
ရုပ်ရှင်သို့.............




No Response to "How to train your dragon"
Post a Comment